Wednesday, May 14, 2008

နင် ( သို့ ) ရက်စက်သူကြီး

Poem Corner Blog ကညီမလေးeitarရဲ့ ကဗျာလေးကိုပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

နင်သိ ရဲ့လား . .

နင့်ကို ငါအမြဲသတိရတယ်

နင့်အကြောင်းကို စဉ်းစားတိုင်း ငါမျက်ရည်ဝဲရတယ်

ညအိပ်ယာ ၀င်တိုင်းလဲ နှဖူးပေါ်လက်တင် စဉ်းစားမိတယ်

နင်ဘာကြောင့် ငါတို့ကို စိတ်ဆင်းရဲစေတာလဲဟင် . . .

နင်သိ ရဲ့လား . . .

နင်ရဲ့ တုန့်ပြန်မှုကို မျှော်လင့်နေတဲ့ လူတွေ အများကြီးဆိုတာ

အဲဒီထဲက တစ်ယောက် ဖြစ်တဲ့ ငါလည်း မျှော်လင့်မိတယ်

နင် ဘက်က ဘာတုန့်ပြန်မှု မှ မပြခဲ့ဘူးနော်

ငါ့တို့ကို စိတ်ဆင်းရဲပြီး သေအောင်သတ်နေတာလားဟင် . . . နင်သိ ရဲ့လား . . .

နင် အကျင့်တွေ တော်တော်ပျက် နေပြီ

နင့်ရဲ့ အပေါင်းအသင်း ငါ့ကိုပါ လူမျိုးခြားတွေက နှိမ်ချင်ကြတယ်

ငါ့ကိုတော့ လာနှိမ်ဖို့ မကြိုးစားနဲ့

ငါအရင်ထက် ပိုကြိုးစားပြီး နင့်သိက္ခာကိုပါ အဖတ်ဆည် ပေးမယ်

ဒီလောက် လိုက်လျောတဲ့ ငါ့ကိုတောင်

နင့်ရဲ့ ယုတ္တိမတန်တဲ့ ဆင်ခြေတွေနဲ့

လက်တစ်လုံးခြား လုပ်နေတုန်းပဲလားဟင် . . .

နင်သိ ရဲ့လား . . .

နင့်ကြောင့် ဘ၀ ပျက်ခဲ့တဲ့ လူတွေ အများကြီး ဆိုတာ

နင် တမင်သက်သက်ပဲ ပျက်အောင် ဖျက်နေတာလား

ဒါမှ မဟုတ် မသိချင်ယောင် ပဲဆောင်နေတာလား

ဘာပဲဖြစ်ဖြစ် နင့်အကျင့်တွေ ပြင်သင့်ပြီဟာ

ငါတို့ နင့်အပေါ် သည်းခံ နိုင်စွမ်းကုန်သွားမှာ စိုးတယ်ဟာ

နင်ပြင်မယ် မဟုတ်လားဟင် . . .

နင်သိ ရဲ့လား . . .

ငါကြားဖူးတဲ့ စကားပုံလေးတွေ ကိုပြောပြမယ်

ကျွှဲပါး စောင်းတီး ဆိုတာလေ

ငါဘယ်လောက် ပြောပြော နင်နားဝင်ပါ့ မလား

နောက်တစ်ခု ရှိသေးတယ်

သားသမီးမကောင်း မိဘခေါင်း တဲ့

နင့်မိဘတွေ အုပ်ထိန်းသူတွေက

နင့်ကို မဆုံးမကြ ဘူးလား

သူတို့မှာ နင့်ကို ထိန်းသိမ်း နိုင်မယ့် ဦးနှောက် မရှိကြဘူးလားဟင် . . .

နင်သိ ရဲ့လား . . .

နင့်မိဘတွေက အရမ်း ရီရတယ်နော် . . .

နင့်အကြောင်းကို လူမျိုးခြားတွေက အင်္ဂလိပ်လို မေးရင်း

နင့်မိဘတွေက တားမတိဝူး ဆိုပြီး မြန်မာလို ပြန်ဖြေတာ

ငါဆိုကြည့်ကြည့် ပြီးအရမ်းရှက်တာပဲ

နင့်မိဘတွေအတွက် အင်္ဂလိပ်စာ သင်တန်းကောင်းကောင်းလေး

နင်မရှာပေးနိုင်ဘူးလား

ဒါမှမဟုတ် ငါပဲရှက်ရှက်နဲ့ ရှာပေးရမလားဟင် . . . တော်ပြီဟာ . . .

မောတယ်

နင်နဲ့မပတ်သက်တာ ပဲကောင်းပါတယ်

အခုဆို ငါလည်း နင့်အကြောင်း မတွေးတော့ဘူး

နင့်နဲ့ အဝေးဆုံးမှာပဲ နေမယ်

နင်နဲ့ ရင်ဆိုင်ရမှာ ဆိုးလို့

တစ်ခြား တစ်နိုင်ငံကို ပြေးထွက်ချင်တယ်

နင်နဲ့ နင့်မိဘတွေ ရီနေမလားပဲ

အဲဒီ ရီသံတွေကိုမုန်းလို့ ငါလေ . . .

တောက် . . . နင်လေ . . နင် . . .

နင်သိပ်ရက်စက် လွန်းပါတယ် ဟာ .နင်သိ ရဲ့လား . .


. . . . သို့ တမ်းတခြင်း . . .

1 comment:

Unknown said...

ရဲခေါင်ရေ.... နွားပလာတာ မကျွေးနဲ့တော့ဟ။ ဒီကောင် အရသာမသိဘူး။သိပ်ရက်စက် လွန်းပါတယ် ...