Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, June 23, 2008

အတွေး


လမ်းလျှောက်ရင်း
ငါအတွေးတွေနယ်ချဲ့နေတယ်
ငါတွေးနေတဲ့အတွေးတွေကို
ကြယ်ကလေးတွေသယ်ဆောင်သွားပြီး
မင်းရှိမဲ့တစ်နေရာမှာ
ကြွေကျတယ်
ငါ့အတွေးတွေကို
မင်းကောက်ယူလိုက်မလားဆိုပြီး
ငါထပ်တွေးနေတုန်း
ငါ့အတွေးတွေကို
ညလေညှင်းလေးကပင့်ယူသွားတယ်
လေညှင်းလေးနဲ့ငါ့အတွေးတွေ
ကမ်းစပ်တစ်နေရာမှာ
ငြိမ်သက်သွားတယ်
နောက်ဆုံးတော့
ငါ့အတွေးတွေ
ပင်လယ်ထဲမျောပါသွားတယ်.................

Saturday, June 14, 2008

ဘဝ



ဘာမမသိတဲ့
ဝဲကယှက်ကြီးထဲ
အူဝဲ.......ဆိုပြီး
ရောက်လာတယ်။
ငိုကြရယ်ကြ
ဘာမအစိုးမရတဲ့
ဘဝ။
တရားသဘောနဲ့ကြည့်ရင်
ဘာမှမက်မောစရာမရှိတဲ့
ဒီဘဝကြီးမှာ
ငါလူဖြစ်လာတယ်။
လူဖြစ်လာရင်
တစ်နေ့သေရမယ်။
မသေခင်
ဘာလုပ်မလဲ..............?

Monday, June 09, 2008

ညလွမ်းချင်း


ငါရဲ့ဘဝ
ငါရဲ့ညက
ဟိုး........အဝေးက
လခြမ်းလေးလိုဘဲ
ဒီအချိန်ဆို
အိမ်ကိုလွမ်းတယ်။
အရာရာပြည့်စုံဖို့
ငါအတောင်ပံတွေဖြန့်ပြီး
ခရီးဆက်ရဦးမယ်။
NYK

Saturday, April 26, 2008

စမ်းချောင်းလေး



ရွှက်ဟောင်းတွေမြေခ
ရွှက်သစ်တွေနိုးထ
လန်းဆန်းတက်ကြွတဲ့
ငါ့အတွေးတွေက
နှစ်သစ်ကူးနဲ့အတူ
blogဆိုတဲ့
စမ်းချောင်းလေးထဲ
မျောပါစီးဆင်းသွားတယ်..................

Tuesday, April 08, 2008

Myanmar Blogger များသို့ 


စာအုပ်တွေကြားမှာ
ခေါင်းကိုမြုပ်
ကီးဘုတ်တစ်လက်နဲ့ 
တစ်ဂျက်ဂျက်
အများသူငှာ
သုတပွားအောင်
ကိုယ်ကျိုးမဖက်
အမျိုးအတွက်
ရွှေပြည်အကျိုး
မျှော်ကာကိုးလို့ 
ရေးလိုက်ပါလေ
စာတွေတစ်သီ
သူတို့ လုပ်ရပ်
လေးစားထိုက်လို့ 
Blogger အပေါင်း
ကိုယ်စိတ်နှစ်ဖြာ
ချမ်းသာစေကြောင်း
ဆုတောင်းလိုက်သည်။




ဒီကဗျာလေးနဲ့  Myanmar Blogger အပေါင်းကိုဂုဏ်ပြုလိုက်ပါသည်။ကျွန်တော်ကိုယ်တိုင်
ကဖြစ်ဖြစ်မြောက်မြောက်မရေးနို်င်ပင်မဲ့ ရေးနိုင်တဲ့  သူတွေကိုလေးစားတယ်၊အားပေးတယ်။