Monday, June 23, 2008

အတွေး


လမ်းလျှောက်ရင်း
ငါအတွေးတွေနယ်ချဲ့နေတယ်
ငါတွေးနေတဲ့အတွေးတွေကို
ကြယ်ကလေးတွေသယ်ဆောင်သွားပြီး
မင်းရှိမဲ့တစ်နေရာမှာ
ကြွေကျတယ်
ငါ့အတွေးတွေကို
မင်းကောက်ယူလိုက်မလားဆိုပြီး
ငါထပ်တွေးနေတုန်း
ငါ့အတွေးတွေကို
ညလေညှင်းလေးကပင့်ယူသွားတယ်
လေညှင်းလေးနဲ့ငါ့အတွေးတွေ
ကမ်းစပ်တစ်နေရာမှာ
ငြိမ်သက်သွားတယ်
နောက်ဆုံးတော့
ငါ့အတွေးတွေ
ပင်လယ်ထဲမျောပါသွားတယ်.................

4 comments:

RePublic said...

အတွေး ကောင်းပါ၏ ၊၊
သူဖမ်းဆုပ်နိုင် မှာပါဗျာ ၊၊

အားပေးလျက်ပါ.....

wynn.sun said...

ပင်လယ်ရဲ့ ဟိုးတစ်ဖက်က သူ့ ဆီ ရောက်သွားနိုင်ပါစေ..

တားမြစ် ထားသော... said...

အကြင်နာ တကယ်စစ်ရင်၊ အသွားနဲ့ အပြန်ရှိမှာ တဲ့.... သီချင်းစာသားလေး တစ်ခုပါ။ ဒါပေမဲ့ ကောင်းတဲ့ အတွေးနော်။

အိတာ said...

မျောသွားပြီးတော့ကောဘာဆက်ဖြစ်သေးလဲဟင် ....