Sunday, March 30, 2008

Hanami (သို့ ) Sakura တွေ ပွင့် တဲ့  နေ့ 




ပန်းခြံလေး မှာ ရိုက်ထားတာပါ

Hanami ဆိုတာ ဂျပန်ရိုးရာ ဓလေ့ ချယ်ရီပန်း တွေ ကြည့် တဲ့ ပွဲတော်လေး တစ်ခုပါ။ဂျပန်က sakura ပန်းတွေက မတ်လ အစောပိုင်းကနေဧပြီလအစောပိုင်းလောက် အထိ ဘဲ ပွင့်ကြပါတယ်။ချယ်ရီပန်း ပွင့်တဲ့ သက်တမ်း က အများဆုံး တစ်ပတ် နှစ်ပတ် လောက် ပဲ ကြာပါတယ်။ဂျပန် တွေက sakura တွေ ပွင့်တဲ့ ရာသီဆိုရင် မိသားစုတွေ ပျော်ပျော်ပါးပါး ပျော်ပွဲစား ထွက်ကြပါတယ်။Sakura တွေ ပွင့်တဲ့ ပန်းခြံတွေ၊မြစ်ကမ်းနံဘေး တွေကိုသွားပြီး မိသားစုတွေ၊သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူ သောက်ကြ၊စားကြ ရင်း ချယ်ရီပန်း တွေကို ကြည့်ကြပါတယ်။ပျော်ရွှင် ကြည်နူးစရာကောင်းတဲ့ ဂျပန်ရိုးရာ ဓလေ့ ပွဲတော်လေး တစ်ခု ဖြစ်ပါတယ်။