“လူ့အောက်ကျလို့မသေဘူးတဲ့”
Tuesday, April 29, 2008
Saturday, April 26, 2008
စမ်းချောင်းလေး
Sunday, April 20, 2008
Japan ကသင်္ကြန်ပွဲလေး
သင်္ကြန်အကျနေ့ကဂျပန်နိုင်ငံshizuokaမြို့ကလေးရဲ့ကမ်ခြေတစ်နေရာမှာအဝေးရောက်မြန်မာများရဲ့သင်္ကြန်ပွဲ
တစ်ခုကျင်းပခဲ့ပါတယ်။ဒီပွဲမှာဂျပန်ရောက်မြန်မာကျောင်းသူကျောင်းသားတွေရယ်၊ကျွန်တော်တို့shimizu
အဖွဲ့သားတွေရယ်၊ဂျပန်လူမျိုးဆရာ၊ဆရာမတွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းတက်ရောက်ခဲ့ပါတယ်။
အစားအသောက်တွေကတော့ကြာဇံချက်၊ရွှေရင်အေး၊မုန့်လုံးရေပေါ်တို့ကျွေးတယ်။မြန်မာတွေအားလုံးစုပြီးလုပ်တဲ့
ပွဲလေးမို့ပျော်စရာအလွန်ကောင်းခဲ့ပါတယ်။မြန်မာသီချင်းတွေဆိုကြကကြ။ဘီယာလေးသောက်ပြီးပင်လယ်လေ
တဖြုးဖြုးနဲ့ဆိုတော့ဟဲဟဲ.....အတော်လေးကောင်းခဲ့ကြပါတယ်။ဒီpostလေးနဲ့အတူရွှေညီအစ်ကိုမောင်နှစ်မအပေါင်း
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အောက်မှာmovieဖိုင်လေးလည်းတင်ထားပါတယ်။
Monday, April 14, 2008
Friday, April 11, 2008
မုန်ဟင်းခါးရေကျဲ
ပြီးခဲ့ တဲ့  sunday က ကျွန်တော်တစ်ဆောင်လုံးကိုမုန့် ဟင်းခါးချက်ကျွေးပါတယ်။ဘာရယ်တော့ မဟုတ်ပါဘူး။ရွှေညီအစ်ကိုတွေနဲ့ အတူတူ ပျော်ပျော်ပါးပါးမုန့် ဟင်းခါး
စားကြရအောင်စီစဉ်လိုက်တာ။ကျွန်တော်မချက်တက်လို့ အစ်ကိုနှစ်ယောက်ကဝိုင်းချက်ပေးတာလေ။မုန့် ဟင်းခါးကအရည်တော့ နည်းနည်းကျဲသွားတယ်။ဒါပေမဲ့ တစ်စက်မှမကျန်ပါ။
မုန့် ဟင်းခါးအိုးကြီး
အမုန်းဆွဲနေကြာတာကြည့် ပါအုံး
Tuesday, April 08, 2008
Myanmar Blogger များသို့ 

ခေါင်းကိုမြုပ်
ကီးဘုတ်တစ်လက်နဲ့ 
တစ်ဂျက်ဂျက်
အများသူငှာ
သုတပွားအောင်
ကိုယ်ကျိုးမဖက်
အမျိုးအတွက်
ရွှေပြည်အကျိုး
မျှော်ကာကိုးလို့ 
ရေးလိုက်ပါလေ
စာတွေတစ်သီ
သူတို့ လုပ်ရပ်
လေးစားထိုက်လို့ 
Blogger အပေါင်း
ကိုယ်စိတ်နှစ်ဖြာ
ချမ်းသာစေကြောင်း
ဆုတောင်းလိုက်သည်။
ကဖြစ်ဖြစ်မြောက်မြောက်မရေးနို်င်ပင်မဲ့ ရေးနိုင်တဲ့  သူတွေကိုလေးစားတယ်၊အားပေးတယ်။